作词 : Hanny Nan Oo
作曲 : Hanny Nan Oo
ပျော်စရာတွေဆို နှစ်ယောက်တွဲသွားစို့
ကြင်နာသူ အနားကိုတိုး လက်တွဲများ ခိုင်စေမယ်
နာစရာဆိုရင် တစ်ယောက်ထဲသွားမယ့်သူပါကွယ်
အလေးနက်ဆုံး ကိုယ်ပြောပြမယ် အချစ်ရယ်
ဘဝတဆုံး နင်နဲ့ကိုယ်လက်တွဲလျောက်ချင်တယ်
အသာယာဆုံး ဘဝလေးတခု ဖန်တီးမယ်
အမြင့်မြတ်ဆုံး ချစ်ခြင်း ဒီရင်ထဲရှိနေတယ်
ဘယ်လိုတွေများ တိုက်ခိုက်ဦးမှာလဲ
ကြင်နာတာအကုန်ဖွင့်ပြောပြဖို့မလို့ပါကွယ်
သိမ်းကာထား တစ်သက်လုံးအတွက်ရည်ရွယ်တယ်
ပူပင်စရာတွေစိတ်ထဲကနေ ထုတ်လိုက်ကွယ်
တစ်ယောက်ထဲ တစ်သက်လုံးအတွက်ရည်စူးထားတယ်
ဘဝတဆုံး နင်နဲ့ကိုယ်လက်တွဲလျောက်ချင်တယ်
အသာယာဆုံး ဘဝလေးတခု ဖန်တီးမယ်
အမြင့်မြတ်ဆုံး ချစ်ခြင်း ဒီရင်ထဲရှိနေတယ်
ဘယ်လိုတွေများ တိုက်ခိုက်ဦးမှာလဲ
ဘယ်သူတွေများ တိုက်ခိုက်ဦးမှာလဲ …